ငါ့မသာ
ဖျာနဲ့ အုပ်
တုတ်လျိုထမ်း
ကမ်းမှာမျှော
ငါးပေါရာ…။
ငါ့အလောင်း
ခေါင်းမဖွဲ့ 
ဖဲ့ရွဲ့ မြှုပ်
ပုပ်ဆွေးကာ
မြေသြဇာ…။
ဈာပန
ပြာချ
မလာကြနဲ့ 
ငါက ဘာကောင်ဟုတ်တော့တုန်း…။ ။
-နေမင်းနီ-
(၂၇၊ ၅၊ ၂၀၀၆)
ရေးဖော် ခက်ကျော် ကွယ်လွန်ခြင်း အမှတ်တရ
Subscribe to:
Post Comments (Atom)
ရေးဖော် ခက်ကျော် ကွယ်လွန်ခြင်း အမှတ်တရ
ReplyDeleteကဗျာလေးဟာ--တိုတိုလေးနဲ့ ထိပါတယ်--
ကဗျာဆရာရေ---